Skip to main content

Posts

The Fountain

Recent posts

စြန္...

ဂျုရောင်းဘက်၊ Lakeside ဘက်ကောင်းကင်ယံမှာ ညနေတိုင်ဆိုလျှင် အလှလွှတ်စွန်လေးတွေ ပျံဝဲနေတာ တွေ့ရတတ်သည်။ အရောင်စုံ၊ ဒီဇိုင်းစုံ၊ ကောင်းကင်မှာ အေးအေးလေး တလွင့်လွင့်ဝဲနေတတ်ကြသည်။ သူတို့ဆီမှာတော့ စွန်လွှတ်ခြင်းသည် လွှတ်တဲ့သူကလွဲလျှင် ဘေးကကြည့်နေသူအဖို့ အင်မတန်ပျင်းစရာကောင်းပါသည်။ ခဏတဖြုတ်ကြည့်ပြီး "ဟယ် လှလိုက်တာ" ဟုရေရွတ်ကောင်း ရေရွတ်မည်။ ပြီးလျှင် ကိုယ့်လမ်းကိုယ် ဆက်သွားကြမည်။ ကျနော်တို့ဆီမှာလို ထိုင်ကြည့်နေဖို့ အချိန်မပေးနိုင်။ မှန်စာကြိုးတွေ ရစ်လုံးတွေနှင့် စွန်ဖြတ်ကစားကြခြင်းလဲ မဟုတ်သဖြင့် ကြာရှည်ကြည့်ချင်စရာမရှိ။ ပြီးတော့ သုတ်သုံးကျမ်းမက လေးငါးဆယ်ကျမ်းကြေမှ အလုပ်ဖြစ်သော ဒီလိုတိုင်းပြည်မှာ ဒီလိုစွန်လွှတ်နေနိုင်သူတွေမှာ ပိတ်ရက်မဟုတ်လျှင် တော်တော်ကံကောင်းသူများဟု ဆိုနိုင်ပါသည်။ ခုလောလောဆယ်တော့ ကျနော်လည်း ကံကောင်းနေသေးသည်။ စွန်မလွှတ်နိုင်သည့်တိုင် သူများလွှတ်တာထိုင််ကြည့်နိုင်သေးသည်။ ကိုယ်ကိုယ်တိုင်ကလည်း ငြီးငွေ့စရာလူသားဖြစ်နေ၍ တော်ရုံတန်ရုံကို ငြီးငွေ့စရာဟု မထင်တတ်တော့တာလား မပြောတတ်တော့..။ ဟော.. ကြည့်ရင်းနှင့် နောက်ထပ်တစ်စင်းတက်လာပြီ...။ အစကတော့ ရစ်လုံး၊ ရစ်လုံးကနေ တဖြည်းဖြည်း